မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်း-ချောင်းဝကျေးရွာချင်းဆက်ကျောက်ချောလမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၇ ဒသမ ၀၉၁ သန်းဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်း-ချောင်းဝကျေးရွာချင်းဆက်လမ်း ၁ မိုင်ကျောက်ခင်းခြင်းလုပ်ငန်းများမှာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မိုးညှင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
   အဆိုပါလမ်းဆောင်ရွက်ပေးနိုင်မှုကြောင့် မိုးညှင်းမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အပြင် ဒေသထွက်ကုန်များကို မြို့ပေါ်သို့ အချိန်တိုအတွင်း ပို့ဆောင်နိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုများစွာ အထောက်အကူပြုသည့်အတွက် ဒေသခံပြည်သူများ များစွာဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း လမ်း/တံတားလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ တို့အား ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
 

Post Paragraph