နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီလ ၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပူတာအို)သို့ရောက်ရှိရာ ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပါသည်၊၊ ထို့နောက် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား၍  ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် ကျောင်းအတွင်း တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းများအား  ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပူတာအို) သို့သွားရောက်၍ ဝန်ထမ်းများ၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ သင်ကြားပေးသည့် အိမ်တွင်းမှု ဘာသာရပ်များအား ကျွမ်းကျင်စွာတတ်မြောက်စေရေးနှင့် သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အသက်မွေးဝမ်းကြောင်းပြု ဘဝရပ်တည်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရေးတို့ကို မှာကြားခဲ့ပြီး သင်တန်းကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဟိုခိုဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ပြီး ကျောင်းဝင်းအတွင်း ဆောက်လုပ်နေသည့် RC ၁ထပ် ထမင်းစား ဆောင် ၉၀×၃၀ ပေ အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဖောက်လုပ်နေသည့် ပူတာအိုခရိုင်၊ မဂွေဇ - ခေါင်လန်ဖူးလမ်း စီမံကိန်းသို့ ဆက်လက် ထွက်ခွာခဲ့ပြီး စီမံကိန်းလမ်းပိုင်းတလျှောက် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်သည့် ကျောက်ချောလမ်းခင်းခြင်း၊ ရေကျော်တည်ဆောက်ခြင်း၊ Box Culvertတည်ဆောက်ခြင်း၊ အဆောက်အဦ ပြင်ဆင်ခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးတို့ကို မှာကြားခဲ့ပါသည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိခဲ့ပြီး ခေါင်လန်ဖူးမြို့ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး မြို့ပတ်လမ်းနှင့် မြို့အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ခေါင်လန်ဖူးမြို့၊ ဘုန်းတော်ကြီးကျောင်း ရေအားလျှပ်စစ် (တာဘိုင်) အတွက် မီးကြိုးများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထို့နောက် ခေါင်လန်ဖူး - ဆရမ်ဖာလမ်းပိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြား ခဲ့ပါသည်။ 
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ခေါင်လန်ဖူးမြို့မှ ပူတာအိုမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ပူတာအိုမြို့သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ စေတီတော် ပရဝုဏ်အတွင်း လျှပ်စစ်မီးများ ပြန်လည်ပြုပြင်နိုင်ရေး အလှူငွေ ပေးအပ်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ‌ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ 

Post Paragraph