ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်းဆင်းပွဲကျင်းပ

ပခုက္ကူ  မတ် ၂၂
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူ မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မတ်လ ၂၂ ရက် နံနက် ၉ နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲ ကျင်းပသည်။
    သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်း ဆိုင်ရာသမိုင်းကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစား၊အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ် မည့် သင်တန်းများအခြေအနေ တို့ကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
    ထို့နောက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၇) သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသည့်အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသ ထားမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးကြသည်။
    အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ မြို့ပြနှင့်ကျေးလက်လူနေမှုအဆင့်အတန်း ကွာဟမှုကျဉ်းမြောင်းစေရေး၊ ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများပိုမိုမွေးထုတ်ပေးနိုင်ရေး ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်မှ ၂၀၂၄ခုနှစ်၊ မတ်လ၂၂ရက်နေ့အထိ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချ ပေးလျက်ရှိရာ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၃၃၅၅)ဦး အထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Post Paragraph