ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း

မြစ်ကြီးနား  ဇန်နဝါရီလ  ၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ်(၁) နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်း ကျောင်းအုပ် များက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင် ပြည်နယ်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနရုံးနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူတို့အား တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ် ဖြစ်သည့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ တွင် နေထိုင်သော တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေး စသည့် မူဝါဒများနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာ များဆည်းပူးရာတွင် အတန်းတိုင်း၌ ကြိုးစား၍ အဆင့်မြင့်ပညာများ အောင်မြင်ရန်နှင့် မိမိတို့၏ ဘဝရည်မှန်းချက်များ ပေါက်မြောက်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ ဗလ ၅ တန် ဖွံ့ဖြိုးရေး အတွက် အစဉ်အားထုတ် ကြိုးပမ်း‌ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့ပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၂) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး သို့ ရောက်ရှိ ခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး၍ ရုံးဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သတင်းရရှိပါသည်။
 

video-upload