ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၊ အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

   ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း ဖွင့်လှစ်သင်ကြားခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ဧပြီ ၅ ရက်က အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
   အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဇော်ဌေးက သင်တန်း ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။ 
   ဆက်လက်၍ တာဝန်ရှိသူများက ဆုရရှိသော သင်တန်းသား၊ သင်တန်းသူ ငါးဦးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ 
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
   အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တက်ရောက်ကြကြောင်း သိရသည်။

Post Paragraph