ညှိနှိုင်းပေါင်းစပ်ကော်မတီ
အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ AHA Center တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို သွားရောက်လေ့လာ
စစ်တွေ၊ မတ် ၈
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center)) မှ ကိုယ်စားလှယ်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ လေကြောင်းခရီးစဉ်ဖြင့်ရောက်ရှိကြသည်။ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ IDPs စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ ကြည့်ရှုစစ်ဆေး
ဖေဖော်ဝါရီလ ၁၀ ရက်
ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျောက်တော်မြို့၊ မဟာမုနိ ယာယီတိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိခဲ့ကြပြီး စခန်းရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ IDPs စခန်းများ ကြည့်ရှုစစ်ဆေး
ဖေဖော်ဝါရီလ ၉ ရက်
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ပိုင်းတွင် စစ်တွေမြို့ ဘောဒူဖ IDPs စခန်းသို့ သွားရောက်၍ စခန်းရှိ ဘင်္ဂါလီများ၏ နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေး အခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ ပြန်လည်လက်ခံရေးစခန်းများ၊ ယာယီကြားစခန်းနှင့် တိုက်ပွဲရှောင်စခန်းများအား ကြည့်ရှုစစ်ဆေး
ဖေဖော်ဝါရီလ ၈ ရက်
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ပိုင်းတွင် စစ်တွေမြို့မှ တောင်ပြိုလက်ဝဲသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာချိန်တွင် စတင်စစ်ဆေးလက်ခံမည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။