February 2022
ဗန်းမော်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိမ်မဟာသီလရှင်ပရိယတ္တိစာသင်တိုက်သို့ ဆန် ၊ ဆီနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း
ဗန်းမော် ဖေဖော်ဝါရီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှူကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁ ရက်က ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်မဟာသီလရှင် ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီး ၊ ဆရာလေးများအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ကုလားပဲအပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ပေါင်းစည်းတူယှဉ် ပြည်ထောင်စုဥယျာဉ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် တို့သည် ရှေးနှစ်ပေါင်း ထောင်ချီသောကာလကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ခဲ့ကြပါသည်။တောင်တန်း၊ပြည်မဒေသမတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။