နေပြည်တော် ဖေဖော်ဝါရီ ၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ ဘုန်းတော်ကြီးသင်ပရဟိတကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်နှင့်စားစရိတ် ရိက္ခာစိုငွေများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား လျက်ရှိသော အခြေခံပညာအထက်တန်းကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask ၊ Handgel များ ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။
ထိုသို့ လှူဒါန်းခဲ့ရာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့်ဝန်ထမ်းများက အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မြစ်ကြီးနားမြို့ရှိ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသော အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ မြစ်ကြီးနား သို့ Mask ၂၁၅ ဗူး ၊ Handgel ၄၃ ဗူးတို့အား လှူဒါန်းခဲ့ရာ အဆိုပါကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုညိုသန်းမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။