ဗန်းမော် ဖေဖော်ဝါရီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှူကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁ ရက်က ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်မဟာသီလရှင် ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီး ၊ ဆရာလေးများအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ကုလားပဲအပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သံဃာတော် ၊ သီလရှင်များအား ဆွမ်း ၊ ကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သတင်းရရှိသည်။