October 2022

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်များလှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇောတိက ညောင

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန် ကျောင်းပိတ်ရက်ကာလ လေ့ကျင့်ချိန်အတွင်း စွမ်းရည်ပြိုင်ပွဲများကျင်းပ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်တွင် ကျောင်းပိတ်ရက်ကာလ လေ့ကျင့်ချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်စွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အင်္ဂလိပ်စာစွမ်းရည် တင်ဆက်ခြင်း ကို အောက်တိုဘာ ၁၈ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊  စကားရည်လုပွဲကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း ကျောင်း၏ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် (၇၈) ရပ်ကွက် အောင်ချမ်းသာ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် သံဃာတော်များ၊ စာသင်စာချသံဃာတော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
    ထိုသို့ဆက်ကပ်လှူဒါန်းရာတွင်မြောက်ဦးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက မင်းပြားမြို့ ရတနာ့ဗိမာန် ဘုန်းတော်ကြီး ကျောင်းတိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများကို သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

standard