နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
    ထိုသို့ဆက်ကပ်လှူဒါန်းရာတွင်မြောက်ဦးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက မင်းပြားမြို့ ရတနာ့ဗိမာန် ဘုန်းတော်ကြီး ကျောင်းတိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများကို သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများကို ဆက်ကပ်ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
 

Post Paragraph