နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်း အထင်ကရနေရာများသွားရောက်လေ့လာ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်း တိုးတက် အောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇန်နဝါရီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြပြီး ကချင်အနုပညာရှင် အသင်းချုပ် ဗဟိုကော်မတီရုံး၌ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။