နန်းယွန်းမြို့နယ်၌ အရှည်ပေ ၃၆၀ ရှိ နောင်ကုလုသံမဏိကြိုးတံတား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်း ၁၁၂ ဒသမ ၃၅၀ ဖြင့် ဆောင်ရွက်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် နမ္မလစ်-နောင်ကုလု-နားလုံလမ်း ၁၆/၀ မိုင်ပေါ်တွင် တည်ရှိသည့် ပေ ၃၆၀ အရှည်ရှိ နောင်ကုလုသံမဏိကြိုးတံတား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇူလှိုင် ၁ ရက်တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။