June 2023

SAC member attends opening of Shwe Mine Seik Fertilizer Factory, meets trainees of Saikkhaung Ethnic Youth Development Training School

State Administration Council Member U Khun San Lwin attended the ceremony to commission Shwe Mine Seik Fertilizer Factory in Saikkhaung village near Saikkhaung-Maukmai Road in Pa-O Self-Administered Zone, Shan State (South), at 10 am yesterday. Shan State Chief Minister U Aung Zaw Aye gave a speech at the opening of the factory.
The SAC member, ministers and officials viewed round the factory which manufactures natural gypsum fertilizer and natural dolomite fertilizer.

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲ တက်ရောက် ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ

ဆိုက်ခေါင်၊ ဇွန်လ ၂၈ 
    ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲ ကို   ယနေ့  နံနက်  ၁၀   နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းဘေး ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် တက်ရောက်ဖွင့်လှစ်ပေးသည်။
    စက်ရုံဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားသည်။

standard

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဇွန် ၂၇
    တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ လေ့ကျင့်ရေးကွင်းများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

standard

သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ဘိုကလေး၊ အသိပညာပေး
    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ဇွန် ၂၄ရက်က သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
    ရှေးဦးစွာ ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံဝင်းက သဘာဝဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုမဖြစ်စေရေး ဘေးအန္တရာယ်လျှော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် ယခုကဲ့သို့ ဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

standard