ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

နမ့်ဆန်၊ ဒေသဖွံ့ဖြိုးရေး
    နမ့်ဆန်မြို့နယ်အတွင်း၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
    နမ့်ဆန်မြို့နယ် မန်လွယ် (အထက်) ကျေးရွာနှင့် တောင်ကျော်ကျေးရွာတို့သို့ ဆက်သွယ် ဖောက်လုပ်ထားသည့် အရှည်ကိုးမိုင်ရှည်လျားသော ကျေးရွာချင်းဆက်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၄၇ ဒသမ ၄၅၁ သန်းဖြင့် အပြီးသတ် ကျောက်ချောလမ်းအရှည် ၁/၆ မိုင်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
    လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် လမ်းတစ်လျှောက်ရှိ ကျေးရွာလေးရွာမှ ဒေသခံပြည်သူများ နမ့်ဆန်မြို့မှတစ်ဆင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မြို့ကြီးများသို့ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်သွားလာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph