February 2023

ကျောက်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

   ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်၊ မန်လွယ်လမ်းခွဲမှ တောင်ကျော်ကျေးရွာထိ ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တောင်ကြီးမြို့၌ ကျင်းပသော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်

တောင်ကြီး ဖေဖော်ဝါရီ ၇
   (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တောင်ကြီးမြို့ အဝေယာမီးပုံးပျံကွင်း၌ ကျင်းပသည်။
   အခမ်းအနားတွင် အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့က “စေးစေး” သီချင်းဖြင့် ဖျော်ဖြေကပြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက ဖတ်ကြားသည်။

standard

“ ဖွံ့ဖြိုး ရှင်သန် လှပ မဲနယ်တောင်တန်းဒေသ ”(၂)

မဲနယ်တောင်တန်း
    မဲနယ်တောင်တန်းကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်း၌ တည်ရှိပေသည်။ ရှမ်းပြည်နယ်တွင် မဲနယ်တောင်ကို မသိသူ အလွန်ရှားပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမှ ကယားပြည်နယ် လွိုင်ကော် သို့ ကားဖြင့်ခရီးသွားတိုင်း အမြဲတမ်းလိုလို ဟိုပုံး- နမ့်ခုတ်- နောင်မွန်- ဘန်းယဉ်- ဆိုက်ခေါင်- ဆီဆိုင် အစရှိသောမြို့ရွာများကို ဖြတ်သန်းမောင်းနှင်လျက် ညို့ညို့ မှိုင်းမှိုင်း မဲနယ်တောင်တန်းကြီးအား လှမ်းငေးမော၍ ကြည့်ရှုခဲ့ရပါသည်။ မဲနယ်တောင်တန်းကား တောင်စဉ် အထပ်ထပ် လျှိုမြောင်အသွယ်သွယ်တို့ဖြင့် စိမ်းလန်းစိုပြေလှပနေပေ၏။

standard