August 2023

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ် ပလက်ဝမြို့ တောင်တန်းသာသနာပြု ဗဟိုဘုန်းတော်ကြီးသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် သြဂုတ် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ချင်းပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော် များနှင့် သီလရှင်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို စဉ်ဆက်မပြတ် ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

standard

နယ်စပ်‌‌ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် သြဂုတ် ၂၁
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို လှူဒါန်းလျက်ရှိသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီး‌ကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း

နေပြည်တော် သြဂုတ် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေ များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီး‌ကျောင်းများ၊ ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်း

နေပြည်တော် သြဂုတ် ၁၉
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက် ရှိသည်။

standard

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဩဂုတ်လ ၁၈
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ  ဆွမ်း/ ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက်ရှိပါသည်။ 

standard