တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဩဂုတ်လ ၁၈
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ  ဆွမ်း/ ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက်ရှိပါသည်။ 
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေဖြူမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးနှင့်  ဝန်ထမ်းများက ရေဖြူမြို့နယ်၊ (ဃ) ရပ်ကွက်၊ သာသနပါလကျောင်း၊ ကျောင်းထိုင်ဆရာတော် ဦးသူရိယထံသို့ ဆွမ်းဆန်တော် ၇ အိတ်၊ ဆီ ၅ ပိဿာ၊ ကုလားပဲ ၅ ပိဿာ စသည့် လှူဒါန်းဖွယ်ရာပစ္စည်းများအား ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
 

Post Paragraph