February 2026

ကျေးရွာ ၁၁ ရွာ အကျိုးပြုမည့် ထိန်ပင်-အောင်ကန်သာလမ်းနှင့် ဇိုက္ကရဲ-အောင်ကန်သာလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၅၁ ဒသမ ၆၀၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ် သထုံမြို့နယ် ထိန်ပင်-အောင်ကန်သာလမ်း ၀/ ၃ မိုင်နှင့် ဇိုက္ကရဲ- အောင်ကန်သာလမ်း ၀/ ၃ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

standard

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဟားခါး ဖေဖော်ဝါရီ ၁၉
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

standard

Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေး

နေပြည်တော် ဖေဖော်ဝါရီ ၁၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

standard