နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၅၁ ဒသမ ၆၀၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ် သထုံမြို့နယ် ထိန်ပင်-အောင်ကန်သာလမ်း ၀/ ၃ မိုင်နှင့် ဇိုက္ကရဲ- အောင်ကန်သာလမ်း ၀/ ၃ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် သထုံမြို့နယ် ထိန်ပင်၊ ဇိုက္ကရဲ၊ အောင်ကန်သာ၊ သုံးအိမ်စု၊ မရမ်းကုန်း၊ ဆိတ်ကျွန်း၊ ကတိုက်ကြီး၊ ကတိုက်ကလေး၊ တောကြီး၊ သောင်ကြီး၊ ဘုဒင်းချောင် စသည့်ကျေးရွာ ၁၁ ရွာတို့မှ လူဦးရေ ၂၇၈၄၀ အားအကျိုးပြုပြီး လမ်းပန်းဆက်သွယ်ရေးအတွက်သာမက လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်းအဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။