နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ Nishida Barley Processing Co., Ltd တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကြိတ်စေ့ထုတ်ပိုးမှုဆိုင်ရာ အရည်အသွေး မြှင့်တင်ခြင်းအတွက် ဂျပန်နည်းပညာ ဖြန့်ဝေခြင်းအပေါ် ပုဂ္ဂလိကနှင့်အတူ အတည်ပြု စစ်တမ်း ကောက်ယူခြင်း စီမံကိန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေ မြို့နယ် တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ အမေရိကန်ဒေါ်လာ ၀.၃၁၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး နတလမှဝန်ထမ်း ၃ဦးအား ဂျပန်နိုင်ငံတွင် ကြိတ်စေ့နှင့်အခြားကောက်ပဲသီးနှံများ စိုက်ပျိုးမှု၊ ကုန်ထုတ်လုပ်မှုနှင့် စျေးကွက်အတွင်း ထုတ်လုပ်ရောင်းချမှုများအား အခြေအနေများ အား လေ့လာရေး စေလွှတ်ခြင်း၊ ကြိတ်စေ့ကြိတ်ခွဲ သန့်စင်စက်နှင့် ဆက်စပ်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းပြီး ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီး စိုက်ပျိုးမွေးမြူရေး သင်တန်း ကျောင်းတွင် တပ်ဆင်ခြင်း၊ စမ်းသပ် လည်ပတ်ခြင်း Self Review Training ၊Operation and Maintenance Training ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းပြီးဆုံးသောအခါ ကြိတ်စေ့ကြိတ်ခွဲသန့်စင်စက်နှင့် ဆက်စပ်ပစ္စည်းများအား နတလဦးစီးဌာနမှ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့သို့ ၂၈-၆-၂၀၂၁ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ ပြီးဖြစ်ပါသည်။