နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်းမှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida လာရောက်တွေ့ဆုံ
နေပြည်တော် ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ ၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida အား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။