April 2023

နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး‌ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၂၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြစ်ကြီးနားမှ ညွှန်ကြားရေးမှူး ဦးဇော်လှိုင်ဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် ခေမာသီဝံပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဣန္နောဘာသထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၂၇
ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

standard

အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များ

   “ မကြာခင်မှာ ကျောင်းသား၊ ကျောင်းသူတွေကို စာပေပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမများ ဖြစ်လာကြတော့မယ့် မောင်တို့၊ မယ်တို့ အနေနဲ့ ပညာသင်ကြားရေးနယ်ပယ်မှာ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့’ ဆိုတဲ့ ဆရာ ကျင့်ဝတ်များနှင့်အညီ အနာဂတ် သားကောင်းရတနာတွေကို မွေးထုတ်ပေးနိုင်မယ့် အာစရိယ ဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားသွားကြဖို့လိုပါတယ်”

standard

နမ္မတွန်-ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း အမာခံလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုး‌ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်၌ ၇/၀ မိုင် အမာခံလမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက လေရှီးမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဘုန်းတော်ကြီး‌‌ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လေရှီးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇော နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟို ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆက်ကပ်လှူဒါန်းသည်။

standard