April 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅) ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားသည်။

standard

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပခုက္ကူ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်မည်

ပခုက္ကူ၊ သက်မွေးပညာ
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပခုက္ကူ) တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) ကို မေ ၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (ပခုက္ကူ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

standard

မိတ္ထီလာခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၂၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု မဟာစည်တိုးချဲ့ရပ်ကွက် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများ၊ သီလရှင် ဆရာလေးများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြား စားသောက်ဖွယ်ရာများအား မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဦးအဂ္ဂသာမိထံ ဆက်ကပ်လှူဒါန်းသည်။

standard

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၂၂
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

standard