April 2023

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ကျောက်ခင်းခြင်းလုပ်ငန်းများပြီးစီး

ကလော ဒေသဖွံ့ဖြိုးရေး
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ် ရပ်ကွက် (၈) မှ တာယော-ရွာသစ်-ညောင်ကုန်း-ရွှေမင်းဖုန်းဘုရား-အလယ်ရွာ-ဆော်တောရွာ-တောင်ပဲ့ ကျေးရွာသွားလမ်း ကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူ ဦးရဲလွင်ဦးထံမှ သိရသည်။

standard

ကမ်းသောလက်တွေ ညောင်းလှပြီ

မောင်မုဒိတာ၊ ဧပြီလ ၆ ရက်
    ပြီးခဲ့သည့် မတ် ၈ ရက် ညဘက် တီဗွီသတင်းတွင်ကြည့်လိုက်ရသည်။ နောက်တစ်နေ့ သတင်းစာ တွင်လည်း စိတ်ဝင်တစားဖတ်မိသည်။ “အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံသံရုံးများမှ သံရုံးအကြီး အကဲများ၊ AHA Center တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို သွားရောက်လေ့လာ” ဆိုသည့်သတင်းဖြစ် သည်။

standard