နေပြည်တော်၊ ဇန်နဝါရီလ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ ရန်ကုန် တွင် (၄) ထပ်အိပ်ဆောင် (၁)လုံး တည်ဆောက်ခြင်း လုပ်ငန်းအတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ ကျပ် (၄၆၁.၄၁၄) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Asia Destiny ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ပုံစံ၊ စံချိန်စံညွှန်းများ ကိုက်ညီစေရေး၊ အရည်သွေးပြည့်မီကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တို့အတွက် ကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့တို့မှ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နေ့များတွင် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဗဟိုလေ့ကျင့်ရေးကျောင်းတွင် တည်ဆောက်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်
Post Paragraph
Paragraph Images