ရည်ရွယ်ချက်

 

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိပါသည်-

၁။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်းတိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာ စေရန်။

၂။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သောလူငယ်များ ဖြစ်လာစေရန်။

၃။

ပညာရပ်များတတ်မြောက်၍ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင်ဖွံ့ဖြိုးရေးလုပ်ငန်း များပြန်လည်ဆောင်ရွက်စေရန်။

၄။

နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး ပြုစုပျိုးထောင်

လေ့ကျင့်ပေးရန်။

၅။

နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူလူထု၏ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက် လိုသည့်စိတ်ဓာတ် ထက်သန်စေရန်။

၆။

အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက် ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဓာတ်များမွေးမြူပေးရန်။