ဟိုမိန်းမြို့၊ ပန်တဝက်-လုလေလမ်း ၂/၀ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေ ၈၈ ဒသမ ၉၈၄ သန်းဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ ပန်တဝက်-လုလေ မြေသားလမ်း ၂ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါလမ်း ဖောက်လုပ်ပေးနိုင်ခဲ့သဖြင့် ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာနှစ်ရွာ လူဦး‌ရေ ၆၁၃ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာ အထောက်အကူပြုလျက်ရှိကြောင်း လင်းခေးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၁၇၄၃ ဒသမ ၀၁၂ သန်းဖြင့် မြေသားလမ်း ၃ မိုင် ၁ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၈ မိုင်၊ ကျောက်လမ်း ၃ မိုင်၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂ မိုင် ၄ ဖာလုံ၊ တံတားနှစ်စင်း၊ Box Culvert ၃၃ စင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ ရေရရှိရေးလုပ်ငန်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ 
 

Post Paragraph