ဇာဒက်ကြီးကျွန်း၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

နေပြည်တော် မတ် ၃၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ မတ်လအထိ ခြောက်လဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်‌‌ထောင်စုရန်ပုံငွေကျပ် ၂၈၅ ဒသမ ၈၄၁ သန်းဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းပတ်လမ်း ၆၆/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ သိရသည်။
    အဆိုပါ ဇာဒက်ကြီးကျွန်းပတ်လမ်း ၆၆/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၈၅ ဒသမ ၈၄၁ သန်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ မတ်လ ၉ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့သည်။ 
    အဆိုပါ ကျွန်းပတ်လမ်းပိုင်းအား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် ဇာဒက်ကြီးကျွန်းတွင် နေထိုင်လျက်ရှိသော အိမ်ခြေ ၁၈၇ အိမ် လူဦးရေ ၇၅၄ ဦးအတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph