ကျိုက်မရောမြို့နယ် အံကစင်-မွန်စု-လွှစင်ကုန်း-ကော့ခလိန် ကျေးရွာချင်းဆက် ကတ္တရာလမ်း ရာနှုန်းပြည့်ပြီးစီး

ကျိုက်မရော၊ ဇန်နဝါရီလ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၄၇ ဒသမ ၅၉၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အံကစင်-မွန်စု-လွှစင်ကုန်း-ကော့ခလိန် ကျေးရွာ ချင်းဆက်လမ်း ၇ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၃ ဖာလုံ ကတ္တရာခင်းခြင်းနှင့် Box Culvert သုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြား‌ ရေးမှူး ဒေါ်ခင်မေစီနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။
    အဆိုပါကတ္တရာလမ်းဆောင်ရွက်ပေးခြင်းကြောင့် အလှပ်ကုန်း၊ အံကစင်၊ မွန်စု၊ လွှစင်ကုန်း၊ ကြာအင်းချောင်၊ ရွာတန်းရှည်၊ ကော့ခလိန်၊ ကော့ကျိုက်ကျေးရွာများ ရာသီမရွေးသွားလာနိုင်မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

Post Paragraph