ကျိုင်းတုံ စက်တင်ဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မစိုးရိမ်(နမ့်သြ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒေသ ကြီးကြပ်ရေးမှူး ဦးသီဟဇော်နှင့် ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ မစိုးရိမ် (နမ့်သြ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာတော်၊ သံဃာတော်နှင့် စာသင်ရှင် သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၌ မစိုးရိမ်(နမ့်သြ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
Post Paragraph
Paragraph Images