နေပြည်တော် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းရှိ အိမ်တွင်းမှုခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေအား ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ ထို့နောက် ကျောင်းအုပ်ကြီးမှ သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။
၎င်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းဆိုင်ရာ သင်ခန်းစာနမူနာ ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ အဆိုပါသင်တန်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။