
ကုန်းကြမ်း ဇွန် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင်း လျှပ်စစ် မီးမရရှိသေးသည့် မင်ဟွာလင်ကျေးရွာအုပ်စု၊ မင်ဟွာလင်ကျေးရွာနှင့် ယွင်ရှင်ကျိုင်း ကျေးရွာများသို့ အိမ်သုံးဆိုလာ (100) W ၁၁၃ စုံ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၂၅ ရက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကဇာတ်ရုံခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အလုပ် အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဦးဝေ ဆန်း၊ ဒုတိယဗိုလ်မှူးကြီး သော်နောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လောက်ကိုင်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က အိမ်သုံးဆိုလာ (100) W ၁၁၃ စုံကို မင်ဟွာလင်ကျေးရွာနှင့် ယွင်ရှင်ကျိုင်းကျေးရွာများမှ ဒေသခံတိုင်းရင်း သားပြည်သူများသို့ ထောက်ပံ့ပေးအပ်သည်။
ယင်းထောက်ပံ့ပေးအပ်ခဲ့သည့် အိမ်သုံး ဆိုလာ ၁၁၃ စုံကို သက်ဆိုင်ရာကျေးရွာ များသို့ ဆက်လက်ပြီး လိုက်လံတပ်ဆင် ပေးမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးလှမြင့်ထံမှ သိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)