
အောက်တိုဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်းကြမ်းမြို့နယ် အတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် (၉၄၀.၀၀၆)သန်းဖြင့် မြေလမ်း (၄) မိုင်၊ ကျောက်လမ်း (၆) မိုင်၊ (၅×၅×၂၆) ပေ Box Culvert (၁၀) စင်း၊ 11 KVA ဓါတ်အားလိုင်း (၄) မိုင်နှင့် ဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်း (၂) ခုတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၁၀၀% ဆောင်ရွက်ပြီးဖြစ်ပါသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ကုန်းကြမ်းမြို့နယ် တာရှန် - ရှန်ခိုက်ထန် - ဟိုဟွားထန် - မန်ကြိမ်း - လုံကန် - မန်ဟွေ - ဟယ်ရှောက် - ယွီးထန် - မုံးဟောင်လမ်း (၃၀)မိုင် အနက် ကျောက်လမ်း (၉) မိုင် ဆောင်ရွက်ပြီး ကျန်လမ်းပိုင်း (၂၁) မိုင်မှ (၂) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် လိုအပ်သော နေရာများ၌ (၅×၅×၂၆) ပေ Box Culvert (၅) စင်း တည်ဆောက်ခြင်းအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
သို့ဖြစ်ပါ၍ ယခုဘဏ္ဍာနှစ်၌ ကျောက်လမ်း (၂) မိုင် နှင့် Box Culvertများ တည်ဆောက် ပေးခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါလမ်းပိုင်း၌ ကျောက်လမ်း (၁ /၄) မိုင်နှင့်
(၅ × ၅ ×၂၆) ပေ Box Culvert (၄) စင်းအား ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသဖြင့် အဆိုပါ လမ်းပေါ်ရှိ ကျေးရွာများနေ နယ်စပ်ဒေသပြည်သူများ အချိန်တိုအတွင်း တစ်နေရာ နှင့်တစ်နေရာ လွယ်ကူစွာ သွားလာနိုင်ပြီး တိုင်းရင်းသားညီအကို မောင်နှမအချင်းချင်း သွေးစည်း ချစ်ကြည်ခိုင်မြဲ လာမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။