ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

‌မတ်လ ၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သည် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုတက်ရေးကို ပြည်နယ်နှင့် ပြည်မ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ဒေသဖွံ့ဖြိုးရေးအတွက်သာမက နိုင်ငံတော်လုံခြုံရေးအတွက်ပါ အရေးပါသည့် နယ်စပ်လမ်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

          နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးခဲ့မှု နှင့်စပ်လျဉ်း၍ ကယားပြည်နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ကျပ် ၃၆၈.၃၅၄ သန်းဖြင့် ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ရာဧပရား-ယိုစပရား-ခရို့ခို ကျေးရွာချင်းဆက်လမ်း (၈/၃) မိုင်အနက် [(၁၂) ပေ အကျယ်၊ (၁၂) လက်မ ထု၊ အမာခံ လမ်းပုခုံး တစ်ဖက် (၄) ပေစီ] (၃/၃) မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ် အချိန်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုပြီး ၄၀ ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံ ကျေးရွာ (၅) ရွာ၊ အိမ်ခြေ (၃၃၀)၊ လူဦးရေ (၁၃၈၄) ဦးအား အကျိုပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

Post Paragraph