လားရှိုးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု

အောက်တိုဘာ ၂၅

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဖြစ်သော လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးအတွက် လားရှိုးမြို့နယ်၊ ပုန်းထွန် - ဟန်နားကျေးရွာချင်းဆက်လမ်း (၅/၀)မိုင်မှ (၂/၀)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း အား နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၂၀၀ ဒဿမ ၃၇၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

            အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့သဖြင့် ၎င်းလမ်းအားအသုံးပြုလျှက်ရှိသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဒေသထွက်ကုန်များအား ရာသီမရွေးအချိန်မရွေး မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်း ရောင်းဝယ်ဖောက်ကားနိုင်ခဲ့ရာ ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုများ မလွဲဧကန် ခံစားနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။