လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဆောင်ရွက်သော လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် စောငွေ-ပါဆွေထ-ထီးရောသေးထ-မဲလရောထ-မဲလ‌ရော-ထီးကနဲထ-ထီးကနဲ ကျေးရွာချင်းဆက် ၁၁/၄ မိုင်ပေါ်တွင် ၃/၀ မိုင် မြေသား‌ ဖော်လုပ်ခြင်း၊ ၁၀ ပေ တံတားနှစ်စင်း တည်ဆောက်ခြင်း၊ (၈x၆x၁၆)ပေ Box Culvert လေးစင်းနှင့် (၅x၅x၂၆) ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး ခဲ့သည်။
    အဆိုပါတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာ ခုနစ်ရွာ၊ အိမ်ခြေ ၁၉၆၃ အိမ်၊ အိမ်ထောင်စု ၂၁၉၆ စု၊ လူဦးရေ ၇၈၅၂ ဦးတို့မှာ ရာသီးမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Post Paragraph