နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့အတွက် ပထမရက် ၁၀၀ စီမံချက်များအား အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်မှုအနေဖြင့် ယနေ့တွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ ၁၂၅ စုံ၊ နားမွမ်းကျေးရွာအတွက် အိမ်သုံး ဆိုလာ ၇၆ စုံ၊ ဝမ်ကျောင်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၄၉ စုံ စုစုပေါင်း ဆိုလာအစုံ ၂၅၀ တို့ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အသုံးပြုပုံများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။