
စက်တင်ဘာလ ၂၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာ ဆွေးနွေး ဟောပြော ခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။
ရှေးဦးစွာ မီးဘေးလုံခြုံရေးဆိုင်ရာ ဆွေးနွေးဟောပြောခြင်း အခမ်းအနားကို နယ်စပ်ရေးရာ ဝန်ကြီးဌာနစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဥတ္တရသီရိခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်အောင်ထွန်းနှင့် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင် တို့မှ မီးဘေးအန္တရာယ် ကာကွယ်ငြိမ်းသတ်ခြင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မီးငြိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းအား ဝန်ကြီးဌာနအနီးရှိ လျှိုပိတ်ဆည် တွင် ကျင်းပပြုလုပ်ခဲ့ရာ ဥတ္တရသီရိခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး တို့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြိမ်းသတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်အတူ လက်တွေ့ သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြလေ့ကျင့် ဆောင်ရွက်နေမှုများအား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

