နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ မီးဘေး အန္တရယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောခြင်းနှင့်သရုပ်ပြ လေ့ကျင့် ခြင်းများကို ယနေ့ညနေပိုင်းတွင် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ အဆိုပါရုံးဝင်းအတွင်း ဆောင်ရွက်သည်။
မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် သိုလှောင်ထားရှိသည့် စက်ယန္တရားများ၊ အုပ်ချုပ်မှု မော်တော်ယာဉ်များ၊ ရုံးပိုင်အဆောက်အအုံများနှင့် အရေးကြီးစာရွက် စာတမ်းများ မီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးပြည့်အောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင် ဦးဆောင်သည့် ဝန်ထမ်းများ၊ မိသားစုဝင်များ ပူးပေါင်း၍ အသိပညာပေး ဆွေးနွေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။