နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်း ကွင်းဆင်းစစ်ဆေး

လဟယ် အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသာလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ပူးပေါင်းဆောင်ရွက်လျှက်ရှိသော မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းဖြင့် အိန္ဒိယနိုင်ငံမှ(စတုတ္ထအကြိမ်)‌အထောက်အပံ့ရန်ပုံ‌ငွေ ကျပ်(၃၀၀ ဒသမ ၀၀၀)သန်းဖြင့် ဆောင်ရွက်ခဲ့သော တံတားအရှည် (၆၀)ပေ၊ အကျယ်(၁၄)ပေ တစ်လွှာ(၁)ထပ် ဘေလီတံတား(၂)စင်း ဆောင်ရွက်ပြီးစီးမှုကို ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးလေမိုးနှင့် ရုံးအဖွဲ့များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာလုပ်ငန်းအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီး‌ကြောင်းသိရသည်။

အဆိုပါ တံတားသည် လဟယ်-ယမ်းကြုံး-ဂမ်းည-လုံဝသိင်္ခ ကြားတွင် တည်ဆောက်ထားပြီး မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတံတားတည်ဆောက်ပေးခြင်းကြောင့် လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံပြည် သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ယခင်ထက် များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။

ရှားဆက်(ပြန်/ဆက်)