နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

နမ့်ဆန် မတ် ၃၀ 
    နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
    နမ့်ဆန်မြို့နယ်တွင် ကျောက်ဖြူလေး-တုတောင်းကျေးရွာချင်းဆက် မြေသားလမ်းအရှည် ၃ မိုင် ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ခြောက်လတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၇၄ ဒသမ ၈၄၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးကြောင်း သိရသည်။
    ကျောက်ဖြူလေး-တုတောင်းကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ပြီးစီးမှုကြောင့် နယ်စပ်ဒေသတောင်ပေါ်ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားဦးရေ ၁၃၀၀ ကျော်၏ လူမှုစီးပွား ဘဝ မြင့်မားလာစေရေးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph