ဖလမ်း၊ ဩဂုတ်၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့နယ်အတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် သြဂုတ်လ ၂၅ ရက်နေ့က မြို့နယ်သာသနာရေးရုံး အဆောက်အအုံ ပြုပြင်နေမှုအားလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အအုံ ပြုပြင်နေမှုအားလည်းကောင်း၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ (၂) ခန်းတွဲပြုပြင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ရုံးအဆောက် အအုံ ပြင်ဆင်နေမှုများနှင့် မိုးလေဝသဆိုင်ရာ တိုင်းတာသည့်ကိရိယာများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စက်ကိရိယာအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ဆက်လက်ပြီး ဩဂုတ်လ ၂၆ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးရုံဝင်းအတွင်းရှိ သူနာပြုအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအား လည်းကောင်း၊ အမှတ်(၁) မူလတန်းလွန်ကျောင်း ကျောင်းဆောင် ပြုပြင်နေမှုနှင့် အိုးအိမ်ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၂)ထပ် ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးနိုင်ရေး တိုက်တွန်းခဲ့ပါသည်။
ထို့အတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် မြို့နယ်သမဝါယမဦးစီးဌာန (၂)ခန်းတွဲဝန်ထမ်းအိမ်ရာ အဆောက်အအုံ အလုံးစုံပြုပြင်ပြီးစီးမှုများကိုလည်းကောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း စတိုဆောင်ပြုပြင်နေမှုနှင့် ကျောင်းသားအိပ်ဆောင်အဆောက်အအုံ အလုံးစုံပြုပြင်ပြီးစီးမှုများကိုလည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာနှင့် (၄)ခန်းတွဲ အဆောက်အအုံပြုပြင်နေမှုများကိုလည်းကောင်း သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အလားတူ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအသစ် ပြုပြင်ခြင်း၊ နံကပ် (၂) ခန်းတွဲဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်းနှင့် လျှပ်စစ်ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ ပြုပြင်ခြင်း၊ မြို့နယ်လျှပ်စစ်၊ မီးစက်အဆောင်အမှတ် (၁) ပြုပြင်ခြင်း၊ လမ်းဦးစီးဧည့်ရိပ်သာ ပြုပြင်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖလမ်းခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload