နယ်စပ်ရေးရာရာဝန်ကြီးဌာန ပြည်ထောင်စုရံပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ ကံပုံတလို့ရွာတွင်းလမ်း (၀/၃) မိုင် ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကျင်ပခြင်း

နေပြည်တော်၊ မေလ ၁၈ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၂၈) သန်းဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စု ကံပုံတလို့ကျေးရွာ ကျောက်ချောလမ်း (၀/၃) မိုင် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြတ်အောင်၊ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးမြတ်မိုးအောင်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များတက်ရောက်ကြပါသည်။
     အခမ်းအနားတွင် ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မိုးအောင်မှ လမ်း၏အချက်အလက်များအား ရှင်းလင်တင်ပြပြီး ဆယ်မိုင်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြတ်အောင်၊ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းနှင့် ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးမြတ်မိုးအောင်တို့မှ ကျောက်ချောလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
     အဆိုပါလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးခြင်းကြောင့် ဒေသခံပြည်သူ များအနေဖြင့် ရာသီမရွေးကား၊ ဆိုင်ကယ်များ သွားလာနိုင်ပြီး ဒေသထွက် ဥယျာဉ်ခြံသီးနှံများ ဖြစ်သည့် ကွမ်းသီး၊ ဆီအုန်း၊ အုန်းသီး၊ သီဟို၊ သစ်လိမ်သီး သီးနှံအများအပြားတို့ကို ပြည်ထောင်စု လမ်းမကြီးနှင့် ဆက်သွယ်၍ မိမိတို့ လိုရာဒေသအသီးသီးသို့ ပို့ဆောင်သွားလာနိုင်တော့မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

Post Paragraph