နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီလ  ၈ ရက်
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၁ခုနှစ် ၊ အောက်တိုဘာလ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရီးစဉ်၌ လမ်းညွှန် မှာကြားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကလောမြို့မှ ရွှေမင်းဖုန်းကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၅ ရွာသို့ ဆက်သွယ်ထားသော အရှည် ၁၀မိုင်၅ဖာလုံ ရှိ ၉ပေအကျယ်မြေသားလမ်းအား ၂၆ပေအကျယ် လမ်းတာချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့ နှီးဘုရားလမ်းဆုံမှစတင်၍ လမ်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ကျေးရွာများ၏အနေအထားတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဒေသခံပလောင်တိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုနှင့် ဒေသခံများ၏လိုလားချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွှေမင်းဖုန်းစေတီတော်သို့ ရောက်ရှိ ဖူးမြော်ကြည်ညိုပြီး ကျောင်းထိုင်ဆရာတော်အား နာဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါလမ်းပိုင်းပေါ်ရှိ ရှုခင်းသာ (view point) သို့ သွားရောက်ပြီး ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရေးနှင့် အများပြည်သူစိတ်ချမ်းမြေ့စွာ လာရောက်အပန်းဖြေနိုင်ရေးတို့အတွက် ဆောင်ရွက်ရန် လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်၊။
    ကလောမြို့မှ ရွှေမင်းဖုန်းကျေးရွာအုပ်စုသို့ ယခင်က ၉ ပေအကျယ်မြေသားလမ်းမှ ယခု ၂၆ ပေအကျယ် မြေသားလမ်းအဖြစ် တိုးချဲ့၍ လမ်းတစ်လျှောက်လိုအပ်သော Box Culvert ၂၀စင်း တို့ကို တည်ဆောက်ပေးလျက်ရှိပြီး ၎င်းလမ်းအားအသုံးပြုနိုင်ခြင်းကြောင့် ကျေးရွာ ၅ ရွာ မှ အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၃၆၄၈ ဦး တို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာသည် ဖြစ်ကြောင်းနှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်းအဖြစ် ဆက်လက်ဖောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် မွန်းလွှဲပိုင်းတွင်  အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိ၍ သင်တန်းကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နည်းပြများနှင့် သင်တန်းသားများအား အမှာစကားပြောကြားကာ ရင်းနှီးစွာနှုတ်ဆက်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းခန်းမဆောင်များ၌ ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်သင်ကြားနေမှုများနှင့် အိပ်ဆောင်၊ စားရိပ်သာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ထပ်၍ဖြည့်စွက်သင်ကြားပေးရန် လိုအပ်ချက်များ နှင့် အဆင့်မြင့် စက်မှုလက်မှုပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ကိစ္စရပ်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 
 

Post Paragraph
video-upload