နယ်စပ်ရေးရာဝန်ကြီးဌာနက ဇေယျာသီရိမြို့နယ်၊ သီရိရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ဝါတွင်းကာလ ဝါဆို ဝါကပ်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များ ဆွမ်း/ကွမ်း အခက်အခဲမရှိစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ သီရိရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော်များ၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
 

Post Paragraph