
နေပြည်တော် စက်တင်ဘာလ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဘောလခဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်၊ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ လှူဒါန်းလျက်ရှိပါသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘောလခဲခရိုင်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နောင်ဦးနှင့် ဝန်ထမ်းများက ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရေနီပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
Post Paragraph
Paragraph Images

