နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်း

လွိုင်ကော် ဒီဇင်ဘာ ၂၃ 
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်း‌တော်ကြီးကျောင်းများရှိ သံဃာတော်များ ဆွမ်း၊ ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲအမယ်လေးမျိုး ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
    ထိုသို့ ဆောင်ရွက်ရာတွင် ရှားတောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးစူးရယ် နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ရှားတောမြို့နယ်မြောက်ရွာ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ များ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
 

Post Paragraph