နယ်စပ်ရေးရာဝန်ကြီးဌာနက မူဆယ်မြို့ စစ်ဘေးရှောင်စခန်းများရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ခြုံစောင်များ ထောက်ပံ့

နေပြည်တော် နိုဝင်ဘာ  ၂၄ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊မူဆယ်မြို့ စစ်ဘေးရှောင်စခန်း များရှိ ဒေသခံပြည်သူများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအိမ်ထောင်စု(၁၀၀၀)စု၊ လူဦးရေ (၃၄၆၀) ဦးတို့အတွက် ဆန်အိတ် (၂၈၄)အိတ်၊ ဆီ (၅၄၅)ပိဿာ၊ ကုလားပဲ (၁၂၁၁) ပိဿာ၊ ဆား (၁၂၂) ပိဿာ နှင့် ခြုံစောင် (၁၀၀၀) ထည်တို့ကို ထောက်ပံ့ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လွှဲပြောင်း ပေးအပ်ခဲ့သည်။
     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ဒေသတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများအား မူဆယ်မြို့ရှိ မဟာဝန်(မြောက်) ဘုန်းကြီးကျောင်း၊ ဇေတဝန်ကမ္မဌာန်းကျောင်း၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း၊ နမ့်ခွမ်ဘုန်းကြီး ကျောင်း၊ ဟိုမွန်ရပ်ကွက် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ စိမ့်ပီတာခရစ်ယာန်ကျောင်း၊ ဂေါ်ရခါး သာရေးနာရေးလူငယ်အသင်းတို့တွင်လည်းကောင်း၊ ဝန်ထမ်းမိသားစုများအား အထက(၂)နှင့် အမက (၄)တို့တွင်လည်းကောင်း ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာလိုအပ်သော ကူညီစောင့်ရှောက်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

Post Paragraph