နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပုံးမြို့နယ် ဖက်ရမ်းကျေးရွာအုပ်စု ဖက်ရမ်းငယ်ကျေးရွာသို့ ဆိုလာ၄၃ စုံ၊ ထီအုံခမ်း(နမ့်ပေါ်ခမ်းပေး) ကျေးရွာသို့ ဆိုလာအစုံ၄၀၊ တာကော်(ခိုက်တာလော)ကျေးရွာသို့ ဆိုလာ ၆၄စုံ၊ လုံ‌လောက်ကျေးရွာသို့ ဆိုလာ ၁၈ စုံနှင့် ကလောမြို့နယ် ငုတ်ကျေးရွာသို့ ဆိုလာအစုံ ၅၀ စုစုပေါင်း ဆိုလာ ၂၁၅ စုံတို့ကို ကျေးရွာ မီးလင်းရေးအတွက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန် ရှိသူများက ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အ‌ရောက် ထောက်ပံ့ပေး အပ်ခဲ့ပြီး ယခုအခါ အဆိုပါဆိုလာမီးတပ်ဆင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ် ဆောင်ရွက်မှု ဖြင့် အဆိုပါဆိုလာမီးများ တပ်ဆင်ပေးနိုင်ခဲ့မှုကြောင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ကျေးရွာ ငါးရွာမှ လူဦးရေ ၂၂၈၄ ဦးတို့အနေဖြင့်ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို များစွာ အထောက်အကူ ပြုလျက်ရှိသည့်အတွက် များစွာဝမ်းမြောက်လျက်ရှိ ကြောင်း ဒေသခံတိုင်းရင်းသားများထံမှ သိရသည်။
 

Post Paragraph